Thanks to OldPhotoRestoration.co.uk and IP.nf
Trip To Singapore (Day 3, 11.08.09)
by admin on Aug.12, 2009, under Uncategorized
တချက်လန့်နိုးလို့ နာရီကို အလန့်တကြား ကြည့်မိတော့ မနက် ၄ နာရီခွဲအတိ။ ဒီနေ့ မနက် ၇ နာရီ Check In ၀င်ရမည်။ အလုပ်အားလုံး ပြီးသလောက် ဖြစ်ပေမဲ့ အလုပ် သိပ်လုပ်ချင်တဲ့ HOD ကြောင့် အစောကြီး ဘာဝင်လုပ်ရမည်ကို ဘယ်သူမျှ နားမလည်ကြ။ ထားပါလေ … တော်သေးတာပေါ့ ဟုတွေးပြီး ပြန်အိပ်ဖို့ ကြိုးစားမိသည်။ အဲဒီတော့မှ သတိထားမိသည်က သင်္ဘောက အင်ဂျင်သံမကြား ဘယ်မှ မရွေ့။ ဘုရား .. ရပ်ပြန်ပီ ထင်တယ်ဟု တွေးပြီး ထကြည့်ရမှာ ပျင်းတာနဲ့ပဲ ကိုယ့်အတွေးနဲ့ ကိုယ် ဆက်အိပ်မိသည်။
၆ နာရီခွဲ Alarm မြည်လာတော့မှ မထချင် ထချင်နဲ့ ကုန်းရုန်းထကာ မျက်နှာသစ်ရင်း တွေးမိသည်က [...]
Trip To Singapore (Day 2, 10.08.09)
by admin on Aug.10, 2009, under Uncategorized
မနက် စောစောနိုးတာနဲ့ လေညင်းခံရအောင် ကော်ဖီတခွက်ဖျော်လို့ သင်္ဘောအပြင်ဖက် ၀ရံတာတွေ ရှိရာကို ထွက်လာခဲ့ပါတယ်။ မျက်နှာပြင်ကို တိုးဝှေ့ သွားတဲ့ လေခပ်အေးအေး သန့်သန့်တွေကို အားပါးတရ ရှုရှိုက်ရင်း ဖျော်လာတဲ့ ခပ်ပြင်းပြင်း ကော်ဖီက ကျနော့ရဲ့ မနက်ခင်းကို ပြည့်စုံတယ်လို့ ထင်ရစေပါတယ်။ တကယ်တော့ ဘယ်ပြည့်စုံနိုင်ပါ့မလဲဗျာ။
ဒီနေ့ မနက် ကိုးနာရီကနေ စပြီး အလုပ်ဝင်ကြရပါတယ်။ လူတွေလည်း မနေ့က အလုပ်ကြမ်းတွေ လုပ်ထားရတော့ တကိုယ်လုံး ကိုင်ရိုက်ထားသလို နာကျင်နေကြတာပါ။ ဒီနေ့ကတော့ သိပ်အကြမ်းပတမ်း လုပ်စရာတွေ မပါတော့ပါဘူး။ စက်တွေကို Setting တွေ ပြန်ချိန်း လိုအပ်တဲ့ မီးကြိုးတွေ လိုက်တာလောက်ပဲ လုပ်ကြရမယ်လို့ တနေ့တာအတွက် အလုပ်တွေကို သူ့ Group နဲ့သူ assign လုပ်ပေးပါတယ်။ ကျနော်က [...]
Trip To Singapore (Day 1 09.08.09)
by admin on Aug.10, 2009, under Uncategorized
ဒီနေ့မှာ ကျနော်တို့ သင်္ဘောဟာ စင်္ကာပူကို ခရီးထွက်ရပါမယ်။ ခရီးကတော့ တလခရီးပါပဲ။ အကြောင်း ကတော့ ကျနော်တို့ Company ပိုင် အခြား သင်္ဘောတစီးဖြစ်တဲ့ စင်္ကာပူ ရေပိုင်နက်မှာ ပြေးဆွဲနေတဲ့ သင်္ဘောဟာ Dock ကို ၀င်ရမှာ ဖြစ်တဲ့အတွက် ကျနော်တို့ သင်္ဘောက သွားကာ အစားထိုး အလုပ် လုပ်ပေးရမှာပါ။ ကျနော်တို့ သင်္ဘောဟာ ဒီမနက်မှာ Penang ခရီးစဉ် ပြီးဆုံးမှာ ဖြစ်ပါတယ်။
ဒီနေ့ မနက်မှာ ကျနော်တို့ အတွက် Final Closing လုပ်ရပါမယ်။ ဒီနိုင်ငံနဲ့ ပတ်သက်ပြီး လုပ်ကိုင်ထားတဲ့ Currency တွေကို အဆုံးသတ်ကာ Profit တွေ Loss တွေ တွက်ချက်ပြီး အဆုံးသတ်ရမှာ ဖြစ်ပါတယ်။ အဲ့ဒိအတွက် [...]
ပျောက်ဆုံးနေသော ဘဝ
by admin on Aug.07, 2009, under Uncategorized
ဝါသနာကို စွန့်လွှတ်ကာ
ပျော်ရွှင်ခြင်းကို အမွေဖြတ်
ဘ၀ကို စာချုပ်ချုပ်လို့
ကိုယ်နဲ့ မအပ်စပ်တဲ့ ဒီအရပ်မှာ
ဝမ်းရေးအတွက် အတ္တကို ထုပ်ပိုး
မာနကို ခ၀ါချလို့
အကြင်နာကင်းမဲ့တဲ့ အခန်းကျဉ်းထဲမှာ
ကြယ်မစုံတော့သလို လမသာတာလည်း ကြာခဲ့ပြီ။
မုန်တိုင်းရဲ့ အနောက်မှာ
လေပြည်လေညင်း ဆိုတာ ရှိပေမဲ့
ငါဘ၀ပင်လယ်မှာတော့ လှိုင်းကထန်နေမြဲပါပဲ
ရောင်နီလာတဲ့ နေ့သစ်ကိုရောက်ဖို့
အမှောင်ညကို ငါဖြတ်လျှောက်တော့
ဘ၀ပျောက်ကို
လမိုက်ညမှာမှ ရှာမိတဲ့ငါအဖြစ်က
လျှောက်လေ လမ်းပျောက်လေ
ညနက်လေ တောချောက်လေပါပဲ။
တစ္ဆေမကြောက်ပေမဲ့
ဘ၀အဖြေကတော့ ပျောက်ကွယ်မြဲပါ။
မွန်ကြီး (အောင်မျိုးဝင်း)
ဒီကဗျာလေး ရေးသားသူကတော့ ကျနော်တို့ သင်္ဘောပေါ်ကပါပဲ။ အကိုလို သူငယ်ချင်းလို ခင်ရတဲ့ အကိုတယောက်ရဲ့ ကဗျာလေးပါ။ ကျနော်တို့တွေရဲ့ ဘ၀ကို တည့်တည့် ရေးထားတာလေးမို့ သဘောကျတာနဲ့ သိမ်းထားလိုက်တာပါ။
သူမ
by admin on Aug.06, 2009, under Uncategorized
ကောင်းကင်မှာ ငွေလမင်းဟာ တစင်းသာ ထွန်းလင်းပါတယ်
အေးချမ်းမှုတွေနဲ့ ထုံမွှမ်းလျှက်ပေါ့ .. ။
ကျနော့ရဲ့ နှလုံးအိမ်ထဲမှာလည်း ငွေလမင်းလေး တစင်း ထွန်းလင်းပါတယ်
နှလုံးအိမ်ကို အစဉ်အေးမြစေတဲ့ အဆင်းသဏ္ဍန်နဲ့ သူမ တယောက်သာပေါ့ .. ။
လမိုက်ညတွေ ရှိပါရဲ့ ..
သူမကတော့ အစဉ်သာ ထွန်းလင်းလျှက်ပေါ့ .. ။
မိုးသောက်ယံ
ဖြေကြည့်ပါဦး
by admin on Aug.05, 2009, under Uncategorized
ကဲ .. ညီမလေးတို့ အစ်မလေးတို့အတွက် .. ကိုယ် ကိုယ်တိုင်က ချစ်သူကောင်း တယောက်ဟုတ်ရဲ့လားဆိုတာ အပျော်ဖြစ်ဖြစ် စမ်းစစ်သွား ကြည့်ကြ ပါဦး။ အမှတ်ပေါင်းလေးတွေ ဘယ်လောက်ရလဲဆိုတာကတော့ Read More မှာ ဖတ်ကြည့်ကြနော် .. အပျင်းပြေပေါ့း)
မေးခွန် နံပါတ် (၁)
သင့်ရဲ့ ချစ်သူကို သင်တကယ် ချစ်ပါသလား ?
ချစ်ပါတယ်။
မချစ်ပါဘူး။
ချစ်တယ် ထင်တာပဲ။
မေးခွန်း နံပါတ် (၂)
အပေါ်က မေးခွန်းကို အမှန်ဖြေခဲ့တာ ဟုတ်ရဲ့လား ?
ဟုတ်ပါတယ်။
မဟုတ်ပါဘူး။
ဟီးးး။
မေးခွန်းနံပါတ် (၃)
ကိုယ့်ရဲ့ ချစ်သူက တခြား တနေရာမှာ အဝေးမှာ ရောက်နေတဲ့အချိန် တခြား ယောက်ျားလေးတယောက်က အပြင်အတူတူ ထွက်ဖို့ ဖိတ်ခေါ်တဲ့အခါ လိုက်သွားဖြစ်လိ့မ်မလား ?
အင်း။
ဟင့်အင်း။
မသေချာဘူး။
မေးခွန်း နံပါတ် (၄)
ကိုယ့်ရဲ့ လက်ရှိ အခြေအနေကို ကိုယ့်ချစ်သူနဲ့ အမြဲတစေ တိုင်ပင်လေ့ [...]
ချစ်ခဲ့မိတဲ့အခါ ..
by admin on Aug.05, 2009, under Uncategorized
လူတိုင်း လူတိုင်းရဲ့ တသက်တာမှာ တကြိမ်တခါတော့ အချစ်ဆိုတာ တွေ့ခဲ့ဖူး ကြရမှာ အမှန်ပါပဲ။ လူတယောက်ကို ချစ်မိတဲ့အခါ ကျနော်တို့ တတွေဟာ မိမိချစ်ခင်ခဲ့သူနဲ့ ပေါင်းစည်း ရသည် ဖြစ်စေ၊ ပေါင်းစည်းခြင်း မရပဲ ဝေးကွာခဲ့ရသည် ဖြစ်စေ အကောင်းဆုံး အတိတ်တခုအဖြစ် သိမ်းဆည်း သွားကြမှာပါပဲ။ လူတယောက်ကို ချစ်ခဲ့မိတဲ့ အခါ ကျနော်တို့တွေ ပထမဆုံး ခံစားရမှုက ရင်ခုန်ခြင်း နဲ့ အလွမ်းပါပဲ။ သူ/သူမ နဲ့ အတူ ရှိနေရတဲ့အခါ စက္ကန့်တိုင်းကို ရင်ခုန်သံတွေနဲ့ ပျော်ရွှင်မှုတွေ၊ အရာရာ အားလုံးကို မေ့ပစ်နိုင်လောက်တဲ့ စွမ်းအင်တွေနဲ့ ဖြတ်သန်းနေကြရပြီး၊ သူ/သူမနဲ့ ဝေးနေရတဲ့အခါမှာတော့ လွမ်းဆွတ်မှုဟာ ကျနော်တို့တွေကို အကောင်းဆုံး နှိပ်စက် ဒုက္ခပေးမဲ့ လက်နက်တွေပဲပေါ့။ ချစ်ရင် ချစ်သလောက် [...]
လမ်းဆုံ
by admin on Aug.02, 2009, under Uncategorized
နေ့တနေ့ရဲ့ ဘ၀အမောတွေ၊ အဖြစ်၊ အပျက်တွေ အားလုံး ကုန်ဆုံးပြီး သကာလ နေ၀င်ချိန်သို့ ရောက်ရှိလာမှာပင် ဖြစ်သည်။ ကျနော်တို့ လူသားတွေ့ရဲ့ ဘ၀ဟာလည်း နေ့တနေ့နဲ့ တူသည်။ ဘ၀တခုကို စတင် တည်ဆောက်လာကတည်းကနေပြီး ကြိုးစားရုန်းကန်လာလိုက်ကြတာ လူသားတွေ တွေ့ကြ၊ ဆုံကြ၊ ခွဲခွာရနဲ့ ဒီဘ၀ရဲ့ နေ၀င်ချိန်မှာတော့ အရာခပ်သိမ်းဟာ လွမ်းမောဖွယ်ရာ၊ ကြေကွဲဖွယ်ရာ၊ ၀မ်းနည်းစရာ၊ ပျော်ရွှင်စရာများဖြင့် အဆုံးသတ်မှာတော့ တယောက်တည်း ရောက်လာခဲ့တဲ့လမ်းကို တယောက်တည်းပဲ အထီးကျန်စွာ ဆက်လျှောက်ရင်း ဇာတ်သိမ်းကျရ စမြဲ ဖြစ်သည်။
ကောင်းကင်မှာ လတစင်းနဲ့ ကြယ်ကလေး တပွင့်သာ ထိန်လင်းလျှက်ရှိသည်။ ကဘာမြေကို အမှောင်ထုက တဖြည်းဖြည်း ကြီးစိုးသထက် ကြီးစိုးလာခဲ့သည်။ အထီးကျန်ဆန်တဲ့ ဒီညခင်းကို အဖော်ပြုပေးနေတဲ့ လမင်းလေး တစင်းနဲ့ ကြယ်ကလေး တပွင့်ကတော့ [...]
အဝေးကြီးပဲ
by admin on Aug.01, 2009, under Uncategorized
ဂီတဆိုတာ လူတွေရဲ့ ထွက်ပေါက် တခုပါပဲ။ ခုလည်း ကျနော့် ရင်ထဲမှာ အရမ်းကိုပဲ မွန်းကျပ်နေတယ်ဗျာ။ ကျနော် ပြန်ရောက်ရောက်ချင်း တင်ဖြစ်မဲ့ ပို့စ်ဟာ သီချင်းလေးတပုဒ် ဖြစ်လိမ့်မယ်လို့ မထင်ခဲ့ပါဖူး။ ခံစားချက် ဆိုတာတွေကို ကျနော် သိပ်အလေးမထားခဲ့မိဖူးပါဖူး .. ဘာလို့လဲဆိုတော့ အလေးထားတဲ့အခါ အရမ်းနာကျင်ရလို့ပါ .. ဒီတခါတော့ ကျနော်ကိုယ်တိုင်က လိုလိုချင်ချင် နာကျင်ချင်ခဲ့ မိတာကိုး .. ။
ီDiary 23.07.09
by admin on Jul.23, 2009, under Uncategorized
ဒီနေ့ လူက ဘာကို စိတ်အလိုမကျ ဖြစ်နေမှန်းကို မသိဖူးဗျာ။ နေရတာ စိတ်ထဲမယ် သိပ်အဆင် မပြေလှဖူး။ မနက်နိုးလာတာနဲ့ မနေ့က ဖျက်ထားရတဲ့ ရုံးကိစ္စကို ဆောင်ရွက်ဖို့ ရေမိုးချိုးပြီး ညီအလတ်နဲ့ ရုံးကို ထွက်ခဲ့တယ်။ အမှန်တော့ ကျနော်ဒီနေ့ လုံးဝ လုံးဝကို ရုံးမသွားချင်ဖူး ဒါပေမဲ့ ညီအလတ်က ဒီနေ့ ရုံးမှာ Application တင်ကာ အင်တာဗျူးဝင်ရမှာမို့ ဒီကောင်လည်း အားရှိအောင် ကျနော့ ကိစ္စလည်း ပြတ်ရအောင် တခါတည်း သွားလိုက်တာ။ ဟိုရောက်တော့ ကျနော့ ကိစ္စက ခဏလေးရယ်ပါ ပြတ်သွားတယ်။ ပြသနာက ညီအလတ်ကောင် ကိစ္စမှာ စတာ အစမ်းဗျူးပြီးလို့ အိုကေပြီ အပေါ်တင်မယ် Application Form ပေးပါ ဆိုတဲ့အခါမှ ဒီကောင့် [...]